ပြင်ဦးလွင် ဇွန် ၁၄
ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ၍ ဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၂ /၂၀၂၃-၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဉီးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်က သင်တန်းဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းပြောကြားခြင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့၍ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး တန်ဖိုးမြှင့် စားသောက်ကုန်(Bakery) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း( ၁၃-၆-၂၀၂၃) နေ့မှ (၁၉-၆-၂၀၂၃) ရက်နေ့အထိ သင်တန်းကာလ ( ၇ ) ရက်ဖြင့် နံနက် ( ၉)နာရီမှ ညနေ ၁၆ နာရီအထိ သင်တန်းနည်းပြဆရာများမှ လျှာပေါ်ဝဲကွတ်ကီးပြုလုပ်ခြင်း၊ နှမ်းကွတ်ကီး ပြုလုပ်ခြင်း၊ ထောပတ်ပလိန်းကိတ်ပြုလုပ်ခြင်း၊ ကော်ဖီကိတ်ပြုလုပ်ခြင်း၊ ကော်ဖီကိတ်ခြောက် ပြုလုပ်ခြင်း၊ ငှက်ပျောကိတ်၊ ကော်ဖီကွက်ကီးနှင့် ချီဖွန်ကိတ်ပြုလုပ်နည်း စသည့်တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချလျက်ရှိရာ သင်တန်းသား ( ၂၀ ) ဦး တက်ရောက်သင်ကြား လျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)