အလုံမြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

အလုံ ဇွန် ၁၅

စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ သဇင်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အလုံမြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်မျိုးလှိုင်က မီးလောင်မှုအခြေခံသဘောတရား၊ မီးလောင်မှုအတန်းအစားများ၊  မီးအတန်းအစားအလိုက် မီးငြှိမ်းသတ်ရေးနည်းလမ်းများ၊ မီးခိုးအန္တရာယ်လိုက်နာဆောင်ရွက်ရန်အချက်များ၊ မိမိကျောင်း၊ နေအိမ်၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ်သတိပြုလိုက်နာရန်အချက်များ၊ အထပ်မြင့် မီးလောင်မှုဖြစ်ပွားလျှင် လိုက်နာဆောင်ရွက်ရန်အချက်များ၊ မီးသတ်ဆေးအသုံးပြု မီးငြှိမ်းသတ်နည်းများနှင့် သဘာဝဘေးအန္တရာယ် အမျိုးအစားများနှင့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေးများဖြစ်ပွားလျှင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲသို့ အလယ်တန်းနှင့်အထက်တန်း ကျောင်းသားကျောင်းသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမဆရာမများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)