မန့်ဟီးရိုး ဇွန် ၁၆
၂၀၂၃ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကျောင်းသား/သူများကို မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆိုးကျိုးများကို သိရှိနားလည်စေရန် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉း၃၀)အချိန်က ဖြန့်ဝေဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာမာအောင် ဦးစီးဆောင်ရွက်ဖြန့်ဝေခဲ့ပြီး ယင်းလက်ကမ်းစာစောင်များတွင် ကျောင်းသား/သူလူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသော အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ “မူးယစ်ဆေးဝါးများကို ရောင်းဝယ်ဖောက်ကားဖြန့်ဖြူးနေသူများအား ရှာဖွေဖော်ထုတ်ပြီး ထိထိရောက်ရောက်ဖမ်းဆီးကြရန်လိုအပ်ကြောင်း” ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့်အမှာစကားမှ ကောင်နုတ်ချက်၊ လူငယ်လူရွယ်အများစုတို့ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ ဘိန်းစိုက်ခင်းများ ဖျက်စီးရှင်းလင်းထားပုံများနှင့် ဘိန်းစိုက်ပျိုးသူများကို ဘိန်းအစား ကြံ/အစေ့ထုန်ပြောင်းများ စိုက်ပျိုးကြရန်အပြင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးကဗျာ/ ရုပ်ပြကာတွန်းများနှင့် လူဘောင်လောက ငြိမ်းချမ်းသာယာဖွံဖြိုးတိုးတက်ရေးကို ထိခိုက်စေနိုင်သော မူးယစ်ဆေးဝါးများကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အမြစ်ပြတ်တိုက်ဖျက်ကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရပါသည်။
ထိုသို့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ကျောင်းသား/သူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရပါသည်။
မန့်ဟီးရိုး(ပြန်/ဆက်)