ပင်လုံ အောက်တိုဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၄)အတွင်းရှိ ရပ်ကွက်(၄)၌ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် အကြား သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကိုဗစ်ကာလထောက်ပံ့ငွေများကို ယနေ့ နံနက်(၉) နာရီအချိန်ခန့်က အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက်(၄)အတွင်းရှိ ရပ်ကွက်(၄)၌ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် အကြား သက်ကြီးဘိုးဘွား(၁၆)ဦးတို့အား လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်စာရေးများက ဘိုးဘွား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်တိတိကို ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့အထိ ပင်လုံမြို့ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄)ရှိ ရပ်ကွက်(၄)၌ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် အကြား သက်ကြီးဘိုးဘွား(၁၃၅)ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ပင်လုံ)