လမ်းမတော် အောက်တိုဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊လမ်းမတော်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါပျံနှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန်အတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်များ (ကိုကိုးကျွန်း မြို့နယ် မပါ) တွင် Stay at Home အဖြစ် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ပြည်သူများ ထိရောက်စွာ လိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ပိုင်းက အနော်ရထာ လမ်းနှင့် ဗိုလ် ချုပ်လမ်း တို့တွင် ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုင်းမြတ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဆန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ပူးပေါင်း၍ Stay at Home ကာလ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုကို ထိန်းချုပ်နိုင်စေရန် လမ်းမတော်မြို့နယ်အတွင်း ဖြတ်သန်း သွား လာနေသော အရေးပေါ် ယာဉ်များနှင့် ကုန်တင်ယာဉ်များမှ လွဲ၍ အခြားယာဉ်များ မလိုအပ်ဘဲ နယ်မြေ ကျော်သွားလာခြင်း မရှိစေ ရေး စစ်ဆေးမေးမြန်းပြီး မဖြစ်မနေ နယ်မြေကျော်သွားရန် လိုအပ်ပါက ထောက်ခံချက် များပါရှိရန် စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
လမ်းမတော်(ပြန်/ဆက်)