ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမက၂ကျောင်း၌ အသိပညာပေးနယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ပန်ဆိုင်း ဇွန် ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်ဆိုင်း(ကြူကုတ်)မြို့ရုံးသည် အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိလာစေရန်၊ ပြောဆိုမှုစွမ်းရည်တိုးတက်လာစေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့ဦးစီးမှူးဒေါ်ဇင်မာဖြိုးနှင့် ဝန်ထမ်းများသည် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က၊ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ မြို့ဦးစီးမှူးက နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပက်သက်သည့် ဆောင်ရန်ရှောင်ရန်များနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များကိုလည်း ပြသဆောင်ရွက်ခဲ့ကြသည်။

ပန်ဆိုင်း (ပြန်/ဆက်)