ချီဖွေ ဇွန် ၁၅
ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်လဖိုင်နန်ဆိုင်းသည် ဇွန် (၁၂) ရက်နေ့ ညနေပိုင်း (၃) နာရီတွင်ချီဖွေမြို့နယ်၊ လဗျူဟိုတယ်၌ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး နာယကပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်လဖိုင်နန်ဆိုင်းက ချီဖွေမြို့နယ်အတွင်းအမျိုးသမီးကျန်းမာရေးကဏ္ဍမြင့်တင်ရေး၊ အမျိုးသမီး အလုပ်အကိုင်အခွင့်အလမ်းများမြင့်တင်ရေး၊ ကလေးသူငယ်အခွင့်ရေးများ ကာကွယ်စောင့်ရောက်ရေး၊ ကလေးသူငယ်ကျန်းမာရေးကဏ္ဍများကို အလေးထားဆောင်ရွက်ရန်၊ အာဟာရချို့တဲ့သည့် ကလေးငယ်များအား ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရေး အခြေအနေများကို ဆွေးနွေးပြောကြားရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ထောက်ပံ့ပေးများပေးအပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းမှဥက္ကဋ္ဌ ဒေါ်ဂျာဆန်နန်နှင့်အတွင်းရေးမှူး ဒေါ်အိအိဖြိုးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယော်ကိ (ပြန်/ဆက်)