လှိုင် အောက်တိုဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းကလှိုင်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှဝန်ထမ်းများကငွေကျပ်(၂၀၀၀၀၀)၊ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအ ဖွဲ့မှငွေကျပ်(၃၀၀၀၀၀)မြို့နယ်မီး သတ်တပ်ဖွဲ့မိသားစုများကငွေကျပ် (၅၀၀၀၀)တို့အား လာရောက်လှူဒါန်း ခဲ့ကြပါသည်။
ထိုကဲ့သို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်ရာ တွင်အသုံးပြုနိုင်ရန်အတွက်လှိုင်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးသို့လာရောက်လှူဒါန်းခဲ့ကြ ခြင်းဖြစ်၍မြို့နယ်ကိုဗစ်-၁၉ကော်မတီဥက္ကဌဦးကျော်သက်ဝင်း ကလက် ခံရယူခဲ့ကြောင်းသတင်းရရှိပါသည်။
ကြည်ဇေသော်(ပြန်/ဆက်