နွားထိုးကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ

နွားထိုးကြီး ဇွန် ၁၅

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်လွင်ဦးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တား ဆွးကာကွယ်ရေးလုပ်ငန်းများ၊ အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများနှင့် တစ်မျိုးသားလုံး မူယစ်အန္တရာယ်ကင်းစင်ဖို့ ဝိုင်းဝန်းကာကွယ်တားဆီးစို့စသည်တို့ကို ကျောင်းသား၊ကျောင်းသူများအား အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။

မူးယစ်ဆေးဝါးကို ကမ္ဘာ့နိုင်ငံအသီးသီးမှ လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်စေလျက်ရှိရာ လူသားအားလုံးကို အညွန်တုံးစေမည့်အန္တရာယ်မှ ဝိုင်းဝန်းစုပေါင်း၍ ဟန်ချက်ညီညီ ကာကွယ်တားဆီးတိုက် ဖျက်နိုင်ရန်အတွက် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်