လဲချား ဇွန် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယနေ့နံနက် (၉)နာရီအချိန်က ထိုးနှံပေးခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ လဲချားမြို့နယ်အတွင်းရှိ အသက်(၁)နှစ်ခွဲအောက် ကလေးများအား ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်၊ (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးစသည့် အသက်ပိုင်းခြားလိုက် ပုံမှန်ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)