တပ်ကုန်း ဇွန် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး(Talk Show)အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
အဆိုပါ(Talk Show)အစီအစဉ်တွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်-တက္ကသိုလ်)တို့က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာဆိုလိုရင်းများ၊ အကြမ်းဖက်မှုဆိုင်ရာဆိုးကျိုးများ၊ အကြမ်းမှုကာကွယ်ရေးနည်းလမ်းများ ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါအမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး(Talk Show)အစီအစဉ်အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်