အလုံ အောက်တိုဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇) အလုံနှင့်အ-ထ-က(၄)အလုံ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယနေ့ နံနက်ပိုင်းက နံနက်စာ အတွက် ခေါက်ဆွဲသုပ်၊ကော်ရည်ခေါက်ဆွဲ၊ထမင်းကြော်နှင့် နေ့လယ်စာ အတွက် ထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ကြောင်းသိရ သည်။
ထိုသို့လှူဒါန်းရာတွင် နံနက်စာအတွက် အလှူရှင်အလုံမြို့နယ်နွယ်သာကီလမ်းမှ ဦးမောင်စစ်မှ ပုဇွန်/ကြက်ထမင်းကြော်(၁၁၀)ဘူး၊ နွယ်သာကီလမ်းနေ ဦးကျော်ထွန်းဝင်းနှင့် ဒေါ်ဥမ္မာတင် မိသားစုမှခေါက်ဆွဲသုတ်နှင့်ကော်ရည်ခေါက်ဆွဲ ဗူး(၅၀)၊ နေ့လည်စာအတွက် အလုံမြို့နယ်၊ စပယ်လမ်းမှ မမြတ်မြတ်သင်းနှင့်တူမ၊ သူငယ်ချင်းများမှ စုပေါင်းကာ ထမင်းဗူး (၁၃၅)ဘူး ကိုလည်းကောင်းလာရောက် လှူဒါန်းခဲ့ရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြောင်းသိရသည်။.
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အသွားအလာကန့်သတ်စောင့်ကြည့် နေရာများကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေး သုံးပစ္စည်းများနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက် ရှိကြောင်းသိရသည်။
တင်တင်ချို(အလုံ)