ကျောက်တန်း ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ဌာနဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျောက်တန်းမြို့ ရွှေမှော်၀န်းသာသနာဗိမာန်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်ဌာဆိုင်ရာများမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ ဌာနဆိုင်ရာများမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)