ဗန်းမော်ခရိုင်Community Centre ခန်းမ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

ဗန်းမော် ဇွန် ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးများထဲက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ Talk Show တွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက မီးခိုးမြူငွေ့၏အဓိပ္ပာယ်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းများ၊ မီးခိုးမြူငွေ့တွင် ပါဝင်သည့် လေထုကိုညစ်ညမ်းစေသည့်အရာများ၊ Particulate Matter(PM) ၏အဓိပ္ပာယ်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်စေနိုင်သောအဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးပြဿနာများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကို လျော့ချနိုင်သော နည်းလမ်းများကို မေးမြန်းဆွေးနွေးခဲ့ရာ ရွှေကူမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နန်းသီရိကျော်က မီးခိုးမြူငွေညစ်ညမ်းမှုနှင့် ပတ်သက်၍ ပြည်သူများသိသင့်သိထိုက်သည်များကို အကျယ်တဝင့်ဆွေးနွေးဖြေကြားခဲ့ပြီး မီးခိုးမြူငွေ့ကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေများပြားပါကြောင်း ၎င်းဆိုးကျိုးများမဖြစ်ပေါ်လာနိုင်အောင် ပြည်သူလူထုအနေဖြင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုအသုံးပြု၍ ကြိုတင်ကာကွယ်သင့်ပါကြောင်း မီးခိုးမြူငွေ့ညစ်ညမ်းမှုများ လျော့နည်းပပျောက်သွားအောင် သက်ဆိုင်ရာဌာနများနှင့်ပြည်သူလူထုများ ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)