မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်

မန္တလေး ‌ဇွန် ၁၅

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)က ဆရာချစ်နိုင် (စိတ်ပညာ)၏ အောင်မြင်ဖို့အချိန် စာအုပ်အားစာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက  စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း‌ဆွေးနွေးခဲ့သည်။ ထို့နောက်ပြည်ကြီးတံခွန်မြို့နယ်စာရေးဆရာအသင်းဥက္ကဌ၊( Book Club) ဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးက စိတ်ဥယျာဥ်၊ အောင်မြင်မှုဆီသို့၊ မူဝါဒနှင့်တန်ဖိုး‌ ခေါင်းစဉ်များဖြင့် ဆွေးနွေးခြင်း၊ ဆရာသျှမ်း(မန်းတက္ကသိုလ်)က ရွှေတိုင်ညွှန့်ရဲ့နောက်ဆုံးလက်ရာ၊ အတိတ်နှင့် အနာဂတ်၊ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင် ခေါင်းစဉ်များဖြင့်ဆွေးနွေးခြင်း၊ ဆရာမင်းလပြည့် (ဟားခါး)က ဆုပေးသူနှင့်ဆုရွေးသူ၊ သုတရသမျှဝေနည်း၊ ရင်ထဲရှိသမျှ၊စာပေမျိုးဆက်သစ်များအတွက် အစရှိသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များက သိရှိလိုသည်များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

‌ခရိုင်(ပြန်/ဆက်)