ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးသီးနှံ(၃၂၆)ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးများ စိုက်ပျိုးရာတွင် နိုင်ငံတော်မှ စပါးတစ်ဧကအတွက် ငွေကျပ် (၂)သိန်းနှင့်ညီမျှသော သွင်းအားစုများ ပံ့ပိုးကူညီမှုဖြင့် စိုက်ပျိုးထားကြောင်း စပါးခင်းများကို ကုလကျောင်းကျေးရွာအုပ်စုမှ တောင်သူ(၇၉)ဦး၏ လယ်မြေများတွင် GW-11 စပါးမျိုး (၂၇၆)ဧကနှင့် တောင်သူ(၅၀)ဦး၏ လယ်မြေများတွင် ရွှေမနော်စပါးမျိုး (၅၀)ဧက စုစုပေါင်း(၃၂၆)ဧက စိုက်ပျိုးထားကြောင်း သိရှိရသည်။

နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းသီးနှံများစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် စပါးခင်းများအတွက် သွင်းအားစုများထည့်သွင်းရာတွင် ပြည့်ဝစွာအသုံးပြုနိုင်သဖြင့် စပါးအထွက်နှုန်း ပိုမိုတိုးတက်လာစေခြင်း၊ စပါးများရောင်းချရာတွင် ဈေးနှုန်းနှင့်ဈေးကွက်သေချာခြင်း၊ တောင်သူများ ဝင်ငွေပိုမိုရရှိစေခြင်းကြောင့် နိုင်ငံ့စီးပွားပိုမိုတိုးတက်မြင့်မားလာခြင်း၊ စီမံကိန်းတွင်ပါဝင်သော တောင်သူအစုအဖွဲ့အားလုံး အကျိုးအမြတ်ကိုယ်စီရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပြည်ပဈေးကွက် များနှင့် ပိုမိုချိတ်ဆက်မှုရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)