မိုင်းယောင်း ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကို ကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က “မူးယစ်ဆေးဝါးအန္တရာယ် ပြည့်ရန်စွယ်” အကြောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက “မူးယစ်အန္တရာယ်နှင့် ယနေ့လူငယ်”အကြောင်းကို ဟောပြောခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း