ငါန်းဇွန်မြို့နယ်တွင် မဲရုံတည်နေရာ ဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငါန်းဇွန်၊  အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမည် စာရင်းများအား အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများ၌ ဒုတိယအကြိမ် ကပ်ထားကြေညာ လျက်ရှိရာ မဲဆန္ဒရှင်အမည်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ကြရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးသည် ရွာသစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအုန်းမောင်နှင့်အတူ ယမန်နေ့နံနက် ၇နာရီမှ ညနေ ၄နာရီအထိ ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ရွာသစ်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမိုးကြည် နှင့် အတွင်းရေးမှူး ဦးဟန်မြင့်တို့က    ဘုရားထူးကျေးရွာရှိ မဲရုံအမှတ်(၁)၌ မဲဆန္ဒရှင် (၇၈၆)ဦး၊ ထန်းဇင်လှ ကျေးရွာရှိ မဲရုံအမှတ်(၂)၌ မဲဆန္ဒရှင် (၄၆၃)ဦး၊ ထမင်းဆိုင်ကျေးရွာရှိ မဲရုံအမှတ်(၃)၌ မဲဆန္ဒရှင် (၃၈၄)ဦး၊ ရွာသစ် ကျေးရွာရှိ မဲရုံအမှတ်(၄)၌ မဲဆန္ဒရှင်(၅၀၈)ဦးနှင့် ရွာလှကုန်းကျေးရွာရှိ မဲရုံအမှတ်(၅)၌ မဲဆန္ဒရှင် (၄၁၂)ဦး၊ ရွာသစ်ကျေးရွာ အုပ်စုအတွင်း မဲဆန္ဒရှင် စုစုပေါင်း (၂၅၅၃)ဦး ရှိကြောင်း၊ မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာ ထားရှိပြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်ထားရှိမှုများနှင့် ကျေးရွာအလိုက် မဲရုံတည်နေရာ ဆောင်ရွက် ထားရှိမှုများ အား လှည့်လည် ရှင်းလင်းပြသပြီး မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက မဲဆန္ဒရှင်အမည်စာရင်းများ ပြင်ဆင်ဖြည့်စွက်ခြင်း များ ကို လစ်ဟင်းမှု မရှိစေရေး၊ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်နှင့် မဲရုံတည်နေရာ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားရှိရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                 

သက်နောင်ဦး(ငါန်းဇွန်)