ထန်းတပင်၌ နေအိမ်ပြင်ပထွက်ခွာသွားလာရာတွင်နှာခေါင်းစည်းမတပ်ဆင်သူများအား  အခုဝယ်၊ အခုတပ်ဆင် အစီအစဉ်ဖြင့် Mask တပ်ဆင်ရေး အသိပညာပေးဆောင်ရွက်

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ  

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါအား ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာနိုင်စေရေးနှင့် နှာခေါင်းစည်းတပ်ဆင်ထား ခြင်းမရှိသူများအား အခုဝယ်ယူ၊ အခုတပ်ဆင် အစီအစဉ်ဖြင့် ဒဏ်ငွေပေးဆောင်စေကာ နှာခေါင်းစည်း တပ်ဆင်သွားလာစေရေးတို့ကို အောက်တိုဘာလ()ရက်နေ့၊ နံနက်ပိုင်းက ကုက္ကိုဝတံတားအဆင်းနှင့် ထန်းတပင်တိုးဂိတ်တို့တွင်မြို့နယ် ကိုဗစ်-၁၉စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေအိမ်ပြင်ပထွက်ခွာသွားလာရာမှာ နှာခေါင်းစည်းတပ်ဆင်သွားလာစေရေးနှင့် နှာခေါင်းစည်း တပ်ဆင် ထားမှု မရှိသူတွေကို သတိပေးတဲ့အနေနဲ့ ဒဏ်ငွေက(၁၅ဝ)ကျပ်နဲ့ Mask တန်းဖိုးက (၅၀)ကျပ် စုစုပေါင်း နှစ်ရာကျပ် ပေးဆောင်စေပြီးတော့ နှာခေါင်းစည်းဝယ်ယူတပ်ဆင်သွားလာရေးကို ဒီနေ့ကနေ စတင်ပြီးတော့ ဆောင်ရွက်နေပါတယ်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းကရှင်းပြသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများက ထန်းတပင် တိုးဂိတ်နှင့် အမှတ်()ရပ်ကွက်၊ အမှတ်()ရပ်ကွက်ရပ်ရွာနေပြည်သူအခြေပြုနေရာ ကုက္ကိုဝ တံတားအဆင်း တို့၌ ဖြတ်သန်းသွားလာနေကြသူများတွင် နှာခေါင်းစည်းတပ်ဆင်ထားခြင်း မရှိသူများ အား ဒဏ်ငွေနှစ်ရာ ကျပ်ပေးဆောင်စေ၍ အခုဝယ်ယူအခုတပ်ဆင်စေသည့်အစီအစဉ်ဖြင့် နှာခေါင်းစည်း တပ်ဆင်စေသွား လာစေသလို နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင်လည်း နှာခေါင်းစည်းတပ်ဆင် သွားလာစေရေးတို့ကိုအ  သိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)