သင်္ဃန်းကျွန်း ဇွန် ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆိုင်ရာများကို ပိုမိုသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁) နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဦးစီးအရာရှိဒေါ်ဝါဝါဝင်းမြိုင်မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ချစ်ဦးညိုရေးသားသည့် “လောကဓံနှင့်အတူလမ်းလျှောက်ထွက်ခြင်း” စာအုပ်အား ဦးဆောင်ဆွေးနွေးခဲ့ပြီး Book Club အဖွဲဝင်များ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
၎င်းနောက် တက်ရောက်လာကြသော စာပေချစ်သူစာဖတ်ပရိသတ်များအား မူးယစ်အန္တရာယ် အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆိုင်ရာများပါဝင်သော နံရံကပ်ပိုစတာများကို ပြသခဲ့ကြောင်း သိရသည်၊၊
ခရိုင် (ပြန်ဆက်)