ကျောက်မဲ၌ ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူများသိစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်မဲ  အောက်တိုဘာ 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့်သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေးပြီလားလက်ကမ်းစာစောင်ကို ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်မဲမြို့ မင်္ဂလာဈေး၊ ဘူတာဈေးနှင့် အခွန်လွတ်ဈေးတို့ရှိ  ဈေးသည်များနှင့် ဈေးဝယ်သူများအား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။   

အဆိုပါလက်ကမ်းစာစောင်တွင် ဒုတိယအကြိမ်ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါ/မပါ စစ်ဆေးနိုင်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် မဲဆန္ဒရှင်စာရင်း စစ်ဆေးသည့်  နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါဘေးကင်းလုံခြုံရေးလမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်စာရင်း၌ မိမိတို့၏ အမည်ကို လွယ်ကူစွာရှာဖွေနိုင်ရန် သိထားရမည့် အချက်များ၊ မဲပေးပိုင်ခွင့်ရှိသူအနေဖြင့် မိမိနာမည်မပါဝင်ပါက ပုံစံ ကို ဖြည့်စွက်၍ မဲစာရင်းများ ကပ်ထားကြေညာစဉ် ၁၄ ရက်အတွင်း ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံး၌ လျှောက်ထားပေးရန်၊ မပါဝင်သင့်သူများ မဲစာရင်းတွင် ပါဝင်နေပါက ပုံစံ ကိုဖြည့်စွက်၍ ကန့်ကွက်လျှောက်ထားပေးရန်၊ မဲဆန္ဒရှင်စာရင်းပါ မိမိကိုယ်ရေးအချက်အလက်များ မှားယွင်းနေပါက ပုံစံ - ပုံစံဖြင့် ဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းများတွင် မိမိအမည်ပါ/မပါ     သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ကြည့်ရှုကြရန် စသည့် အချက်များ ပါဝင်သည်။    

အဆိုပါ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်မဲမြို့ ဗဟိုဈေးကြီးတွင် ယခင်ရက်က ဖြန့်ဝေပေးခဲ့ပြီးကြောင်း သိရသည်။ 

မိုင်းထွန်း(ပြန်/ဆက်)