လယ်ဝေးမြို့နယ်၊ ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူ ၃၅၂ ဦးအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပြီးစီး

လယ်ဝေး ဇွန် ၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးခရိုင်ရုံးဝန်ထမ်းများက လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လယ်ဝေးခရိုင်ရုံးမှ​ ယနေ့တွင် ကြောင်ရေကျေးရွာမှ ပြည်သူ ၁၀၁ ဦး၊ နောင်ဘိုကျေးရွာမှ ၈၈ ဦး၊ အမှတ်(၇) ရပ်ကွက်မှ ၁၆၃ ဦး၊  စုစုပေါင်း ၃၅၂  ဦး၏ Biometric Data ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)