လယ်ဝေး ဇွန် ၁၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၄၀)အထက် သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါဝေဒနာရှင်များအား ရပ်ကွက်နှင့်ကျေးရွာ ကျန်းမာရေးဌာနများအလိုက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာန ၁၁ ခုဖြစ်သည့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ သပြေပင်၊ သာဝတ္ထိ၊ အေလာ၊ ဗောဓိကုန်း၊ ကန်သာ၊ စမတောင်၊ ဥသျှစ်လှိုင်း၊ မဒေါ့ပင်၊ သစ်ပုတ်ပင်နှင့်ဝက္ကမူ R.H.C များတွင် ဆောင်ရွက်ပေးလျက်ရှိပြီး ဇွန် ၁ ရက်မှစ၍ Simple Myanmar Application ဖြင့် စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ အသက် ၄၀ အထက်သွေးတိုး၊ နှလုံး၊ ဆီးချိုဝေဒနာရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် သွားရောက်စမ်းသပ်၍ ဆေးကုသမှုခံယူခြင်းတို့ကို အခမဲ့ဆောင်ရွက်နိုင်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝေကြည်(ပြန်/ဆက်)