ကွတ်ခိုင်မြို့၌ (Book Club) (Women Club) (Youth Club)အသင်းများ တွေ့ဆုံ

ကွတ်ခိုင် ဇွန် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ဝါသနာတူကလပ်အသင်းများဖြစ်သည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)၊လူငယ်အသင်း(Youth Club)များ ဖွဲ့စည်း၍ ပြည်သူအကျိုးပြု လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Club အသင်းများ တွေ့ဆုံ‌ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက ဝါသနာတူကလပ်အသင်းများဖွဲ့စည်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိမိတို့ဌာန၏ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့‌နောက် တက်ရောက်လာကြသော (Club)အဖွဲ့ဝင်များကအချင်းချင်း ရင်းနှီးချစ်ခင်လေးစားကြစေရန် တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ၎င်းတို့ ဝါသနာပါသည့် ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်မျိုးဦး(ကွတ်ခိုင်)