ပန်ဆိုင်း(ကြူကုတ်)မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို (Talk Show ) ကျင်းပ

ပန်ဆိုင်း ဇွန် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့်   အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို (Talk Show) ကို ယ‌နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မာဖြိုးက အသိပညာပေးဆွေးနွေးပွဲ Talk Show လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ရှောင်ကြဉ်ရမည့်အချက်များ၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များကို လည်းကောင်း၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခင်မြတ်နွယ်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုး (၂)ရပ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

အသိပညာပေးလုပ်ငန်းများကို သိရှိနိုင်စေရန်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပန်ဆိုင်း(ကြူကုတ်) မြို့ရုံးအ‌နေဖြင့် အသိပညာ‌ပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ (Talk Show) များ၊ ပြိုင်ပွဲများကို ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။          

ပန်ဆိုင်း ( ပြန်/ဆက်)