မြစ်သားမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးနှင့်အခြားသီးနှံများအတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ထုတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိ

မြစ်သား      ဇွန်      ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအတွက် ၂၀၂၃ ခုနှစ်၊ မိုးစပါးနှင့်အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက်(၁၀)နာရီက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ယခင်နှစ်များက မိုးစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ပြန်လည်ပေးဆပ်ပြီး တောင်သူများကိုသာ ထုတ်ချေးပေးခြင်းဖြစ်ပြီး  မြစ်သားမြို့နယ်အတွင်းရှိ ဒါးဝယ်အင်းကျေးရွာအုပ်စု၊ ဒါးဝယ်အင်းကျေးရွာ တောင်သူလယ်သမား (၁၆)ဦးအား စပါးစိုက်(၆၄)ဧက အတွက် ကျပ် ၉,၆၀၀,၀၀၀ သိန်းနှင့် အခြားသီးနှံ(၅)ဧကအတွက် ကျပ် ၅၀၀,၀၀၀ သိန်းဖြစ်ပြီး စုစုပေါင်းချေးငွေကျပ် ၁၀,၁၀၀,၀၀၀ သိန်း ထုတ်ချေးပေးလျက်ရှိသည်။

စိုက်ပျိုးစရိတ်ချေးငွေယူမည့် တောင်သူများအနေဖြင့် ပုံစံ(၇) အမည်ပေါက်ရှိရမည်ဖြစ်ပြီး ကျေးရွာအလိုက်ဖွဲ့စည်းပေးထားသည့်  မိုးစပါးချေးငွေကော်မတီအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်တို့ပါရှိမှသာ ချေးယူခွင့်ရရှိမည်ဖြစ်ကြောင်း မြစ်သားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)