မိုင်းခုတ် ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်ရှမ်းပြောင်းဖူးများ စျေးကောင်းရ၍ မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဝမ်ပုံကျေးရွာမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ ဒေါ်နန်းလူထံမှ သိရသည်။
မိုင်းခုတ်မြို့တွင် ရှမ်းပြောင်းဖူးပင်များကို စီးပွားဖြစ် စိုက်ပျိုးကြခြင်း မရှိသော်လည်း မိမိ၏ နေအိမ်ခြံဝန်းအတွင်း မြေကွက်လပ်၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ဒေသထွက် ရှမ်းပြောင်းဖူးများသည် အရသာမှာ နူးညံ့ကြောင်း၊ ကြိုက်နှစ်သက်သူများပြားကြကြောင်းနှင့် (၅)ဖူးပါ တစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။
အဆိုပါ ရှမ်းပြောင်းဖူးပင်များကို တစ်ပင်နှင့် တစ်ပင် (၁၀)လက်မ၊ တစ်တန်းနှင့် တစ်တန်း (၁၅)လက်မခွာစိုက်ကြောင်း၊ ရှမ်းပြောင်းဖူးများ စိုက်ချိန်မှ သိမ်းချိန်အထိ ရက်ပေါင်း(၉၀ မှ ၁၂၀)အထိ ကြာသဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်မျှ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
သီတာအေး (ပြန်/ဆက်)