ခိုလမ်မြို့ရုံး၊ (Community Centre) ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေး အသိပညာပေး (Talk Show) ဆောင်ရွက်

ခိုလမ် ဇွန် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူငယ်နှင့်မူးယစ်ဆေး အသိပညာပေး (Talk Show) ကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွည်၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (စာထောက်-၃) ဒေါ်ဝေဝေအောင်နှင့် အငယ်တန်းစာရေး ဒေါ်ပန်းအင်ကြင်းတို့က မူးယစ်‌ဆေးဝါးနှင့် ပတ်သတ်သည့် လူသိများသည့်ဆောင်ပုဒ်များ၊ ‌‌မူးယစ်ဆေးသုံးစွဲနေသော လူတစ်ယောက်ရဲ့ အတွေးအမြင်၊ လူကြီးမိဘများ သတိမထားမိဘဲ မှားယွင်းနေသောအရာများ၊ မူးယစ်‌ဆေးကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများစသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်ကို ခိုလမ်မြို့ ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Kholam Page များတွင် ပြည်သူများ သိရှိစေရန်လွှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)