ငါ့သရောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ

ငါ့သရောက်မြို့ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဇွန်လ ၁၄ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် အငယ်တန်းစာရေး ဒေါ်မိုးမိုးတို့မှ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဦးစီးမှူးဒေါ်အေးအေးမိုးမှ မူးယစ်ဆေးဝါးအန္တရယ်များကို ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များဖြစ်သည့် မူးယစ်ဆေးဝါး သုံးစွဲသူဘဝမရောက်ရှိရန် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် မိတ်ဖွဲ့ခြင်းကို​ရှောင်ကြည်ရန်၊ မည်သည့်မူးယစ်ဆေးဝါးကိုမှ စမ်းသပ်သုံးစွဲလိုသည့်သဘောဖြင့် မသုံးစွဲရန်၊ တစ်ခါတစ်ရံသုံးစွဲရုံဖြင့် မူးယစ်ဆေးဝါးမစွဲနိုင်ဟု ယူဆချက်ဖြင့် သုံးစွဲသူများကိုဆေးစွဲသည့် အဖြစ်သို့ ရောက်ရှိစေတတ်သည်ကိုသတိပြုရန်၊ စိတ်ညစ်ခြင်း၊ ပြဿနာဖြစ်ခြင်းကို မူးယစ်ဆေးဝါးသုံးစွဲပြီး ဖြေရှင်ခြင်းမပြုရန်နှင့် ရောဂါတစ်ခုခုအတွက် နာလည်တတ်ကျွမ်းသည့် ဆရာဝန်၏ညွှန်ကြားချက်မှလွဲ၍ မည်သည့်မူးယစ်ဆေးဖြင့်မျှ မကုစားရန် စသည်တို့ကို ဆွေးနွေးပေးခဲ့ပြီး။ အငယ်တန်းစာရေးဒေါ်မိုးမိုးမှ မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများဖြစ်သည့် ထုတ်လုပ်မှုရှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှု လျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ရေးနှင့် လူ့အခွင့်အရေးပြဌာန်းချက်များနှင့်အညီ ဖြစ်စေရေးတို့ကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

P.W.A(ပြန်/ဆက်)