မိုင်းပန် ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် Covid-19 ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် မြို့မဈေးအတွင်း၌ Covid-19 ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်ကစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဈေးတာဝန်ခံတို့ပူးပေါင်း၍ ကျန်းမာရေးဝန်ထမ်းများက မြို့မဈေးအတွင်းရှိဈေးသည်များနှင့် ဈေးလာရောက်ဝယ်ယူသူများအား Covid-19 ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)