စဉ့်ကိုင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

စဉ့်ကိုင်   ဇွန်   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက   ကလေးအလုပ်သမား ပပျောက်ရေး  အသိပညာပေး  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက  စဉ့်ကိုင်မြို့ မြို့မဈေးတွင် ဖြန့်ဝေခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေပေးသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး  လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်(၃)ချက်၊ ကလေးအလုပ်သမားများ၏  အသက်အရွယ်၊  ကလေးအလုပ်သမားများ၏   အလုပ်ချိန်ကန့်သတ်ချက်၊  ကိုဗစ်-၁၉ ကာလအတွင်း  ကလေးအလုပ်သမားများနှင့်  ကျောင်းပညာရေး၊  ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် အချိန်တွင် ကလေးများအား ကလေးအလုပ်သမား ဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြပါစို့၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူအားလုံးဝိုင်းဝန်း ကြိုးပမ်းကြပါစို့ စသည့် အသိပညာပေးများစွာ ပါဝင်ကြောင်း သိရသည်။

အဆိုပါ   ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေးတွင် ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။

ကျော့မူယာမောင်