တောင်သာမြို့နယ်တွင် ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

တောင်သာ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ  တောင်သူများ  အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဇွန်လ (၁၄) ရက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။              

ထိုသို့စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် စပါးစိုက်ပျိုးဧက လယ်တစ်ဧကကို ငွေကျပ် (၁၅၀,၀၀၀/-) နှုန်း၊ ယာတစ်ဧကကို ငွေကျပ် (၁၀၀,၀၀၀/-) နှုန်းဖြင့် ထန်းပေါက်ကုန်း ကျေးရွာနှင့် စလင်္ဂသူ ကျေးရွာရှိတောင်သူ (၄၇)ဦး၊ ဧကပေါင်း (၂၈၉) ဧကအတွက် စုစုပေါင်း ငွေကျပ် (၃၀,၁၅၀,၀၀၀) သိန်းကို ကျေးရွာများရှိ တောင်သူ (၄၇) ဦးအား မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကျန်ရှိသည့် တောင်သူများအားလည်း  စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွာမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ်  မန်နေဂျာ  ဦးသက်ခိုင်ဇော် ထံမှသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)