မြစ်သား ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများမှ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့လာရောက်မငှားရမ်းနိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများသို့ Mobile Library စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ သယ်ဆောင်၍လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စာအုပ် စာစောင်များ(အခမဲ့)ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများကစာဖတ်ရှိန် မြှင့်တင်ရေးအတွက် ဒေသခံပြည်သူများအားစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် မြို့နယ်တိုင်းရင်းဆေးကုဌာနမှဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့်မိသားစုဝင်များအား ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသစာအုပ်စာစောင်များငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူမျာ းက ကူညီဆောင်ရွက်ပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်သားမြို့နယ်ရုံးဝန်ထမ်းများအနေဖြင့်Mobile Library စနစ်ဖြင့်ငှားရမ်းပေးသည့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသ စာအုပ်စာစောင်(၁၅၀)အုပ် ငှားရမ်းပေးနိုင်ခဲ့ပြီး အဆိုပါငှားရမ်းပေးခဲ့သောစာအုပ်များကို တစ်ပတ်လျှင်တစ်ကြိမ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)