ကျောက်ပန်းတောင်းမြို့နယ် လူငယ်ရေးရာကော်မတီက တောင်ဦးကျေးရွာ (၅)ရက်တစ်ဈေးသို့သွား ရောက်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ပြီး ကျေးရွာ Quarantine Center များအတွက် ကျန်းမာရေးပစ္စည်းများလှူဒါန်း

ကျောက်ပန်းတောင်း၊  အောက်တိုဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူငယ်ရေးရာကော်မတီနှင့် ညောင်ဦးခရိုင်လူငယ်ကော်မတီတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၁၀)နာရီက တောင်ဦးကျေးရွာ(၅)ရက်တစ်ဈေးသို့ သွားရောက်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့ကြပြီး၊ကျေးရွာ Quarantine Center များအတွက် ကျန်းမာရေး ပစ္စည်းများ လှူဒါ်န်းခဲ့ကြကြောင်းသိရသည်။

ညောင်ဦးခရိုင် လူငယ်ရေးရာကော်မတီဝင်များနှင့် ကျောက်ပန်းတောင်းမြို့နယ် လူငယ်ရေးရာကော်မတီဝင်များသည်၊ ယမန်နေ့ နံနက်(၁၀) နာရီက တောင်ဦးကျေးရွာ(၅)ရက် တစ်ဈေးသို့သွားရောက်ခဲ့ကြပြီး၊ ဈေးအတွင်းရှိ ဈေးရောင်း/ ဈေးဝယ်များ နှာခေါင်းစည်း စနစ်တကျတပ်ဆင်အသုံးပြုရန်နှင့် ကျန်းမာရေးဆိုင်ရာထုန်ပြန်ထားသည့် စည်းကမ်းချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ကြစေရန် လက်ကိုင်ဟွန်းငယ်ဖြင့် အသိပညာပေးခြင်း၊ တစ်ခါသုံး နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ တောင်ဦးကျေးရွာအထကနှင့် အိမ်အိုကျေးရွာ၊ အတာအုတ် သျှစ်ကုန်းကျေးရွာ၊ မုန်ကမ်းကျေးရွာ၊ စမ်းကုန်းကျေးရွာ မူလတန်းကျောင်းများရှိ Quarantine Center များတွင် တာဝန်ထမ်း ဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်း များနှင့်ပရဟိတ လူငယ်များအတွက် ကျန်းမာရေး အထောက်အကူ ပြုပစ္စည်းများဖြစ်သည့်  Face Mask ၊ Face Shiel ၊ Hand Gel ၊ အချိုရည်နှင့် ခေါက်ဆွဲခြောင်ထုပ်များ ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)