အောင်မြေသာစံမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ (၅) ဖွဲ့အား PPE ဝတ်စုံနှင့် ခြေအိတ်များ ထောက်ပံ့ပေးအပ်

မန္တလေး အောက်တိုဘာ ၉

မန္တလေး၊‌ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပါဝင်ဆောင်ရွက်ပေးနေကြသည့် အောင်မြေသာစံမြို့နယ် အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ (၅) ဖွဲ့အား PPE ဝတ်စုံနှင့် ခြေအိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီခွဲ အချိန်က အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပြုလုပ်သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှု‌ရေးအသင်း အဖွဲ့(၅)ဖွဲ့ဖြစ်သော ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ရွှေဘုန်းစေတနာ လူမှု ကူညီရေးအသင်း၊ အသင်္ခတ လူမှုကူညီရေးအသင်း၊ ဓာတ်ပေါင်းစု လူမူကူညီရေး အသင်းတို့အား တစ်ဖွဲ့လျင် PPE ဝတ်စုံ (၁၀) စုံနှင့် ခြေအိတ် (၁၀) စုံစီတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုနိုင်ရန်အတွက် အောင်မြေသာစံ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ထောက်ပံ့ပေးအပ်ရာ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)