မိုင်းယုမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီမှ အခုဝယ်အခုတပ်စနစ်ဖြင့် ကြပ်မတ်၍ နှာခေါင်းစည်း (Mask) မတပ်ပဲ သွားလာသူ အလွန်လျော့နည်းလာ

 

မိုင်းယု အောက်တိုဘာ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင် ကာကွယ်တားဆီးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုနှုန်းလျော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း(Mask) မတပ်ပဲ  လမ်းသွား လမ်းလာပြည်သူများကို မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ကော်မတီအဖွဲ့မှ အောက်တို ဘာလထဲကစ၍  နှာခေါင်းစည်း(Mask)မတပ်ပဲသွားလာသူတို့ကို အခုဝယ်အခုတပ်စနစ်ဖြင့် ကြပ်မတ် လာခဲ့ခြင်း ကြောင့် ယခုအခါ မိုင်းယုဒေသရှိပြည်သူများမှာ နှာခေါင်းစည်း(Mask)မတပ်ပဲ သွားလာခြင်း အလွန်လျော့နည်းလာခဲ့ကြောင်း သိရသည်။

အဆိုပါ  စစ်ဆေးဆောင်ရွက်ခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ မြို့အုပ်ချုပ်ရေး ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် နှာခေါင်းစည်း(Mask) တပ်ဆင်ရေး ဆော်ဩ ပညာပေးစစ်ဆေးရေးအဖွဲ့()က နံနက်ပိုင်းအချိန်တွင် ခရီးသွားပြည်သူများ၊ ဈေးရောင်း ဈေးဝယ် ပြည်သူ များနှင့် လမ်းသွားလမ်းလာပြည်သူများကို နှာခေါင်းစည်းမတပ်ဘဲ သွားလာပါက အခုဝယ်၊ အခုတပ် စနစ်ဖြင့် အထူးကြပ်မတ်ကာ ပညာပေးခြင်းများနှင့် ညပိုင်းစားသောက်ဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေး အဖွဲ့()နှင့် နေ့လည်ပိုင်း စားသောက်ဆိုင်၊ဈေးဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့ ()တို့က  နေ့လည် ပိုင်းနှင့် ညပိုင်း တွင် ဖွင့်လှစ်ရောင်းချနေကြသည့် စားသောက်ဆိုင်များ၊ ဈေးဆိုင်နှင့် ပျံကျဈေးသည်များကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ဉပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြား များနှင့် အညီ သုံးကြိမ် တိတိလိုက်နာဆောင်ရွက်ထားမှုမရှိပါက မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီက လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် သွားမည့် စနစ်များ  ချမှတ်ခြင်း များကြောင့် မိုင်းယု ဒေသတွင်းရှိ လမ်းသွားလမ်းလာ ပြည်သူများမှာ စည်းကမ်းအား စနစ်တကျလိုက်နာ၍ ဒေသတွင်း နှာခေါင်း စည်း(Mask)မတပ်ပဲ သွားလာသူ အလွန်လျော့ နည်း သွားခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)