ရှားတောမြို့၌ မြို့နယ်အတွင်းရှိအသက်(၈၀) နှစ်ပြည့်ပြီးအသက်(၈၅) နှစ်အောက် သက်ကြီးဘိုးဘွားများအားအိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်

ရှားတော  အောက်တိုဘာ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် နိုင်ငံတော်အစိုးရအနေဖြင့် အသက်(၈၀) နှစ်ပြည့်ပြီးအသက်(၈၅) နှစ်မပြည့်သေးသောသက်ကြီး ဘိုးဘွားများအားအိမ်ရာရောက် ထောက်ပံ့ပေး အပ်ခြင်း ကိုယမန်နေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး များနှင့် စာရေးများ က သွားရောက်ထောက်ပံ့ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ရီရီချိုနှင့် ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ကနိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရစားဝတ်နေရေးအဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှာတောမြို့နယ်တွင် အသက်(၈၀) နှစ်ပြည့်ပြီးအသက်(၈၅) နှစ်မပြည့်သေးသော သက်ကြီးဘိုးဘွား စုစုပေါင်း(၂၃)ဦးရှိရာ ()ဦးကိုငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၉၀၀၀၀) တိတိထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။

ထွန်းအောင်(ပြန်/ဆက်)