မိုင်းခတ် ဇွန် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ မိုးရာသီကာလတွင် ခြင်ကိုက်ခြင်းမှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် ပိုးလောက်လန်းသေ အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးခြင်းကို မိုင်းခတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်နန်းပျမ်းမုန့်နှင့် ဝန်ထမ်းများက ဌာနဆိုင်ရာ ရုံးများ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ရပ်ကွက်အတွင်းရှိ ရေလှောင်ကန်များ၊ ရေတွင်းများ၊ ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများနှင့် ခြင်ပေါက်ဖွားနိုင်သော နေရာများကို လိုက်လံစစ်ဆေးခဲ့ပြီး ပိုးလောက်လမ်းသေ(Abate) ဆေးခပ်ခြင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေသည့် “သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး" လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)