မိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မိုင်းတုံ ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင်၂၀၂၃ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက် ကမ်းစာစောင်များကို ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကစာသင်ကျောင်း၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊မြို့ပေါ်နေပြည်သူများသို့ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်နှင့်ပတ်သက်သည့် ဆောင်ပုဒ်များ၊ မူးယစ်‌ဆေးဝါးတို့ရှောင်ရှား၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်‌ရေးမူဝါဒ၊ ကျောင်းသားလူငယ်များသိရှိလိုက်နာ သင့်သည့်အချက်များ၊ မူးယစ်‌ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ ထိထိရောက်ရောက်ရှာဖွေဖော်ထုတ်၊ မူယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်တိုက်ဖျက်ရေး တွင်ပါ ဝင်ဆောင်ရွက်ခဲ့သည့်ပုံရိပ်များ၊ ကာတွန်းများစသည့် အကြောင်းအရာများကို ဖော်ပြထာကြောင်း သိရသည်။

မျိုးကျော်စိုး(မိုင်းတုံ၊ပြန်/ဆက်)