ဒလ ဇွန် ၁၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က စာရေးဆရာ မိုးပန်းမွန်(ရာမည) ရေးသားသည့် ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။ စာပေချစ်မြတ်နိုးသူများ အသင်း(Youth Club)အဖွဲ့ဝင် မောင်ဟိန်းရာဇာက စာရေးဆရာ မိုးပန်းမွန် (ရာမည)ရေးသားသည့် ရွှေရောင် လူငယ်နှင့် ရွှေရောင်အနာဂတ် စာအုပ်ထဲမှာပါသည့် အလှဆုံးဖြစ်ချင်သလား၊ တန်ဖိုးရှိသောလူ၊ လူငယ်နှင့် အချိန်၏တန်ဖိုး ခေါင်းစဥ်များဖြင့် တက်ရောက်လာသော စာပေချစ်ဝါသနာရှင်များက အပြန်အလှန် ဆွေးနွေး ခဲ့ကြောင်းသိရသည်။
ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန် ရည်ရွယ်၍ ပြည်သူ့ စာကြည့်တိုက် Online Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များ ဌားရမ်းပေးခြင်း၊(Talk Show)နှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်း အပြင်သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိသည်။
မြင့်ဇော်(ပြန်/ဆက်)