မော်လမြိုင် ဇွန် ၁၂
မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၊ မော်လမြိုင်နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (ဒေါ်ခင်ကြည်) မော်လမြိုင်မြို့နယ်တို့ပူးပေါင်း၍ မုန့်မျိုးစုံသင်တန်းကို ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (ဒေါ်ခင်ကြည်) ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ လူမှု၀န်ထမ်ဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာ၊ ပြည်နယ်အမျိုးသမီးရေးရာ အတွင်းရေးမှူး ဒေါ်မြသန်းတို့က အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မွန်ပြည်နယ်အတွင်း မြို့နယ် ၅ မြို့နယ်မှ မိခင်နှင့်ကလေး စောင့်ရှောက်ရေး သင်တန်းသူ ၂၁ ဦး တက်ရောက်ခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ထောပတ်မုန့်၊ ဘဲသားမုန့်၊ ခါဂျာမုန့်၊ ပေါင်မုန့်ကြော်၊ ပဲမုန့်၊ ဆီကြော်မုန့်တို့ကို စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင် ရပ်တည်နေထိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)