ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အားကစားလှုပ်ရှားမှုများဆောင်ရွက်

ဇမ္ဗူသီရိ ဇွန် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Cominity Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ မွန်းလွဲပိုင်းက အားကစားလှုပ်ရှားမှု Fitness Dance သရုပ်ပြသခြင်းအား Online မှတဆင့် တင်ဆက်ရန်အတွက် ရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Fitness Dance သည် ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ကိုယ်လက်လှုပ်ရှားအားကစားနည်းဖြစ်၍ Online မှတင်ဆက်ခြင်းဖြင့် လူကြီးလူငယ်မရွေး လိုက်ပါကစားနိုင်သည့် အားကစားလှုပ်ရှားမှုတစ်ခုဖြစ်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ အားကစားလှုပ်ရှားမှုများ စသည့် အစီအစဉ်များ ကို Online မှ ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)