မက်မန်း ဇွန် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် စာပေအသိပညာဗသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး တို့အတွက် မိုဘိုင်းစနစ်ဖြင့် နယ်လှည့်စာအုပ်ပြပွဲနှင့် နယ်လှည့်စာငှားဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား စာပေဗဟုသုတရရှိရေးအတွက် အထွေထွေဗဟုသုတစာအုပ်များ၊ သင်ရိုးသစ်ကျောင်းသုံးစာအုပ်များ၊ အင်္ဂလိပ်စာ အခြေခံ (Grammar) စာအုပ်များ၊ အဘိဓာန်စာအုပ်များ၊ စာစီစာကုံးစာအုပ်များ၊ ကာတွန်းနှင့် ရုပ်ပြစာအုပ်များကို ကျောင်းသား/ကျောင်းသူအား လေ့လာဖတ်ရှုနိုင်ရေးပြသခဲ့သည်။ ထို့ပြင် ကျောင်းသား/ကျောင်းသူများအား စာအုပ်စာစောင်(၇၀)အား ငှားရမ်းပေးခဲ့ကြောင်းလည်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)