ကလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို)မူးယစ်ဆေးဝါး၏ ဆိုးကျိုးအကြောင်း အသိပညာပေး Talk Show ကျင်းပ

ကလော ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၃ ခုနှစ်ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးဆိုးကျိုးများ အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ယဉ်ယဉ်ထွေးက မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးထိုးရသည့်အကြောင်းအရင်းများနှင့် မူးယစ်ဆေးမသုံးဘဲအခြားပြုလုပ်သင့်သည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲမိပါကစိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှုရရှိလာမည့် ဆိုးကျိုးများအကြောင်း၊ တို့ကိုအသိပညာပေးဆွေးနွေးခဲ့ပြီး ရုပ်သံကျွမ်းကျင်(၃)ဒေါ်စိန်ခြူးက လူငယ်လူရွယ်များအလွဲသုံးရာမှ စွဲတက်စေသည့် ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဉပဒေဖြင့် ကန့်သတ်ထားသော ဆေးဝါးများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)