နွားထိုးကြီး ဇွန် ၁၂
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ မတင်ဝင်း၏ အလုပ်ဆိုတာအင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club) အဖွဲ့ဝင်များက အလုပ်ဆိုတာ မိမိကိုယ်ကို တည်ဆောက်ဖို့အတွက် မိမိဘဝကို ခိုင်ခံ့စွာတည်ဆောက်ဖို့အတွက် အလိုအပ်ဆုံးအင်အား ဖြစ်ပါတယ်၊ အလုပ် မလုပ်ဘဲ ဘယ်နှသက်စားမတုံး ငွေဆိုတာလိုမှ မလိုအပ်ပဲဒါကြောင့် အလုပ်မလုပ်တာလို့ ပြောတဲ့သူတွေ အခုခေတ်မှာတော့ အတော့်ကို နည်းပါးသွားပြီလို့ ယူဆပါတယ်၊ တစ်ခါတုန်းက ဇနီးသည်ကအလုပ်မလုပ်ဘူးလားလို့ အောင်မြင်ကျော်ကြားနေတဲ့ ခင်ပွန်းသည် တစ်ယောက်ကို မေးလိုက်ပါတယ်၊ သူအလုပ် လုပ်ရော သူသုံးတာနဲ့လောက်မှာ မို့လားလို့မေးတဲ့အခါ အဲဒီလူကပြန်မေးပါတယ် တချို့သောဇနီးသည်များလည်း ငွေရတဲ့အလုပ်ကိုတော့ မလုပ်ကြပါဘူးဟု စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ အလုပ်ဆိုတာအင်အားပါ စာအုပ်ပါအကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်