မိုင်းတုံ ဇွန် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့ ကျန်းမာရေးဦးစီးဌာနအတွင်းရှိ အစည်းအဝေးခန်းမ၌ ကျောင်းကျန်းမာရေးကော်မတီဖွဲ့စည်းရန် အစည်းအဝေးကို ယနေ့နံနက် ၉းဝဝ အချိန်က ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ကျောင်းကျန်းမာရေးကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်ကို ကျယ်တစ်ဝန်းရှင်းလင်းပြောကြားပြီးနောက် ကျောင်းကျန်းမာရေးကော်မတီကိုဖွဲ့စည်းရာ မိုင်းတုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဒေါက်တာသက်ခိုင်မင်းက ဥက္ကဋ္ဌအဖြင့်ဆောင်ရွက်ပြီး၊ ဒု-ဥက္ကဋ္ဌအဖြင့်မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေကလည်းကောင်း၊ အတွင်းရေးမှူး(၃)ဦးနှင့် စုစုပေါင်းအဖွဲ့ဝင်(၈)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။ ယင်ကော်မတီဖွဲ့စည်းရေးတွင် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အဖွဲ့များအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အချိုရည်များ၊ ထမင်းကြော်များဖြင့် တည်ခင်းဧည့်ခံပြီး အစည်းအဝေးကို ၉း၃၀ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
မျိုးကျောစိုး(မိုင်းတုံ၊ ပြန်/ဆက်)