ကျောက်တန်း ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ (Talk show)ကို ယနေ့နံနက်(၁၀)နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုက ကျန်းမာရေးနဲ့ပတ်သတ်ပြီး မိုးရာသီတွင် ကလေးများအား ဖြစ်ပေါ်တတ်သော သွေးလွန်တုတ်ကွေးရောဂါနှင့်ပတ်သက်ပြီး သွေးလွန်တုတ်ကွေးရောဂါသည် မိုးရာသီတွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါဖြစ်သောကြောင့် ခြင်အန္တရာယ်ကာကွယ်နိုင်ရန်နှင့် သွေးလွန်တုတ်ကွေးရောဂါသည် ကလေးများ သာအဖြစ်များသောကြောင့် မိဘများသည်လည်း ကလေးများ ခြင်အန္တရယ်မှ ကာကွယ်နိုင်ရန် ဂရုစိုက်နေထိုင်သင့်ကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တန်းမြို့ စာထောက်၃ ဒေါ်လင်းလင်းမော် နှင့်အတူ ဆွေးနွေးပြောကြားခဲ့သည်။
ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တန်း(ပြန်/ဆက်)