ပင်လုံ အောက်တိုဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၁) နှင့်ရပ်ကွက်(၃)အတွင်းရှိ အသက်(၈၀ )နှစ်တင်း တင်းပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား နိုင်ငံတော် မှထောက်ပံ့ပေးသည့် ကိုဗစ် ကာလထောက်ပံ့ငွေများကို ယနေ့ နေ့လည် ၁ နာရီအချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက်(၃)အတွင်းရှိ အသက်(၈၀)နှစ်တင်းတင်းပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွား(၃၃)ဦးတို့အား တစ်ဦးလျှင်(၃၀၀၀၀)ကျပ်စီထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ပင်လုံမြို့ ရပ်ကွက်(၁)အတွင်းရှိ အသက်(၈၀)နှစ်တင်းတင်းပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီး ဘိုးဘွား(၁၇)ဦး တို့အား လူမှုဝန်ထမ်းဦးစီးဌာန မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ နှင့် ရပ်ကွက်စာရေးများက ဘိုးဘွားတစ်ဦးလျှင် (၃၀၀၀၀)ကျပ် စာဖြင့် သုံးသောင်း ကျပ်တိတိကို ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ ယနေ့ ပင်လုံမြို့ရှိ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)ရှိ အသက်(၈၀)နှစ်တင်းတင်းပြည့်ပြီး (၈၅)နှစ် မပြည့် သေးသည့် သက်ကြီးဘိုးဘွား (၁၁၉)ဦးတို့အား ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်(၄)အား နောက်နေ့များတွက် ကိုဗစ်ကာလထောက်ပံ့ငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
နန်းမြင့်မြင့်ဆွေ