ပုဗ္ဗသီရိမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပိုးလောက်လမ်းသေ(Abate) ဆေးခပ်ခြင်းများဆောင်ရွက်

ပုဗ္ဗသီရိ ဇွန် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လမ်းသေ(Abate) ဆေးခပ်ခြင်း များကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကို ပုဗ္ဗသီရိမြို့နယ် ကုတင် ၅၀ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွား ဆရာမ ဒေါ်နီနီဝင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းနှင့် အဖွဲ့များက   စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ရပ်ကွက်အတွင်းရှိ ရေလောင်ကန်များ၊ ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများနှင့် ခြင်ပေါက်ဖွားနိုင်သော နေရာများကို လိုက်လံစစ်ဆေးခဲ့ပြီး  ပိုးလောက်လမ်းသေ(Abate) ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်၍ ရေကိုအသုံးပြုသွားရန်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်မြင့်(ပြန်/ဆက်)