လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ စက်မှုဇုံ လုပ်ငန်းရှင်များက Quarantine Center များနှင့်  Lock down ချထားသော အိမ်ထောင်စုများအား(၂၇၅)သိန်းတန်ဖိုးရှိပစ္စည်းများပေးအပ်လှူဒါန်း

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရန် စက်မှုဇုံ လုပ်ငန်းရှင်များက  Quarantine Center များနှင့်  Lock down ချထားသော အိမ်ထောင်စုများ၊  မြို့နယ်ပြည်သူ့ ဆေးရုံ၊ မြို့နယ်ကျန်းမာရေးနှင့်  မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းက ကျပ်သိန်း(၂၇၅)တန်းဖိုးရှိသော ပစ္စည်းများအား ကျန်စစ်မင်း အိမ်ရာ ဓမ္မာရုံတွင် ပေးအပ် လှူဒါန်းခဲ့သည်။

အဆိုပါ ပေးအပ်လှူဒါန်းရာတွင်  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး များနှင့်  လွှတ်တော် ကိုယ်စားလှယ်များ တို့ကို လှိုင်သာယာစက်မှုဇုံအပိုင် (  ၁ / ၂ / ၃ / ၄ / ၆ / ၇ ) လုပ်ငန်းရှင် များ မှ Quarantine Center များနှင့် Lock down ချထားသော အိမ်ထောင်စုများ အတွက်ငွေကျပ်(၂၇၅) သိန်း တန်ဖိုးရှိသော ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော် မတီအဖွဲ့၀င်မှ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်မှ  လက်ခံရယူပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေမှ လှိုင်သာယာ စက်မှုဇုံ လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း နှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ စက်မှုဇုံလုပ်ငန်းရှင်များ  က Quarantine Center များနှင့်  Lock down ချထားသော အိမ်ထောင်စုများအား(၂၇၅)သိန်းတန်ဖိုးရှိ ပစ္စည်းများ ပေးအပ် လှူဒါန်း ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်(ပြန် /ဆက်)